danmaku icon

Orient - အပိုင်း (၁) မြန်မာစာတန်းထိုး

243 Ditonton01/08/2023

[Synopsis] Hinomoto ဆိုတဲ့ လူနေရွာလေးတစ်ရွာကို Oni လို့ခေါ်တဲ့ မကောင်းဆိုးဝါး‌တွေ ရုတ်တရက်ဝင်ရောက်သောင်းကျန်းလို့ ရွာလေးပျက်စီးခဲ့ရတယ်၊ အဲ့ဒီ Oni တွေကို တိုက်ခိုက်ရှင်းလင်းရင်းနဲ့ Bushi လို့ခေါ်တဲ့ သူရဲကောင်းမျိုးဆက်တွေလည်း တဖြည်းဖြည်း နည်းပါးလာခဲ့တယ်၊ ဒီလိုနဲ့ ညီအစ်ကိုတွေလို ခင်မင်ကြတဲ့ Musashi နဲ့ Kojirou တို့ သူငယ်ချင်းနှစ်ယောက်ဟာ သူတို့ကြီးလာတဲ့အခါကျရင် Oni တွေကို တိုက်ထုတ်ဖို့ Bushi အဖွဲ့ ဖွဲ့မယ်ဆိုပြီး ကတိကဝတ်တွေထားခဲ့ကြတယ်။ နှစ်ပေါင်း ၁၅၀ ကျော်ကြာအောင် Oni တွေက အုပ်ထိန်းထားလိုက်လို့ လူသားတွေက အယူလွဲပြီး Oni တွေကို ပူဇော်ပသနေကြတော့ ဆာမူရိုင်း (Bushi) အဖွဲ့ကို ရှောင်ဖယ်ပြီး အရှက်ခွဲကြတယ်။ ဆာမူရိုင်းတစ်ယောက်ဖြစ်လာဖို့ အားတက်သရော အိပ်မက်တွေမက်ထားတဲ့ Musashi ကတော့ မိုင်းတွင်းလုပ်သားလုပ်ရင်းနဲ့ သူ့ရဲ့ ဓားရေးကို လျှို့ဝှက်စွာ လေ့ကျင့်ခဲ့ပေမယ့် ဆာမူရိုင်းမျိုးရိုးကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ Kojirou ကတော့ အဲ့ဒီကတိတွေကို စွန့်လွှတ်ခဲ့လိုက်တယ်။ ဒါပေမယ့် ဆာမူရိုင်းတစ်ယောက်ဖြစ်ဖို့ စိတ်အားထက်သန်နေတဲ့ Musashi ရဲ့ အဖြစ်ကို Kojirou တွေ့သွားတဲ့အခါမှာတော့ ၁၅ နှစ်အရွယ် သူရဲကောင်းလေးနှစ်ယောက်က Oni တွေကို နှိမ်နင်းဖို့ မျှော်လင့်ချက်နဲ့ ဆာမူရိုင်းတို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ စွန့်စားခန်းခရီးစတင်ပါတော့တယ်။ MTO Anime ߷
creator avatar

Direkomendasikan untukmu

  • Semua
  • Anime